မော်လမြိုင်ကျွန်းမြို့နယ်တွင် လူငယ်ရေးရာအသိ ပညာပေးဟောပြောပွဲကျင်းပ

မော်လမြိုင်ကျွန်း    ဩဂုတ်   ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများပူပေါင်း၍ ယနေ့ နံနက် (၁၁) နာရီအချိန်က အမှတ်(၈) ရပ်ကွက်၊ တုံးလှဲရွာမ အခြေခံပညာအလယ်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အာကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နှင်းမိုးလှိုင်က အားကစားနှင့် လူငယ်ရေးရာ သိကောင်းစရာများကိုလည်းကောင်း၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နုနုအေးက လူငယ်နှင့် စာဖတ်ခြင်းသိကောင်းစရာများအကြောင်းကို လည်းကောင်း၊ မြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ ဦးစီးမှူး ဦးမင်းဇော်လတ်က စားသုံးသူကာကွယ်ရေးနှင့် စားသုံးသူအန္တရာယ် သိကောင်းစရာများအကြောင်းကိုလည်းကောင်း၊ မြို့နယ် ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်မှုဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာဇာလင်းက သဘာဝဘေးအန္တရာယ်နှင့် မုန်းတိုင်အရောင်များအကြောင်းကိုလည်းကောင်း ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်အမာချိုအား အားကစားပစ္စည်းများပေးအပ်ခဲ့ကြောင်းနှင့်  ကျောင်းသား / သူများ (၂၂၁) ဦးအား ဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်များအခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)