ဇီးကုန်းမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က-မြောက်လွှတ်ကုန်း)၌ လူငယ်စကားဝိုင်းကျင်းပ

ဇီးကုန်း ဩဂုတ် ၁၇

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ်၌ ကျောင်းသား၊ကျောင်းသူများအား  ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလနှင့် ဘောဂဗလ အစရှိသည့် ဗလငါးတန်အပါအဝင် အထွေထွေအသိပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်မြင့်မားစေရန်အတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲက နွားတဲကုန်းကျေးရွာအုပ်စု၊ အခြေခံပညာအလယ်တန်းကျောင်း (အ.လ.က- မြောက်လွှတ်ကုန်း)၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးဘုန်းက အဖွင့်အမှာစကားပြောကြားပြီး၊ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက လူငယ်စကားဝိုင်း များကျင်းပပြုလုပ်ခြင်း ရည်ရွယ်ချက်နှင့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြာ၍ လူငယ်စကားဝိုင်းစတင်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်မာမာဦးက ဦးဆောင်ဆွေးနွေးသူအဖြစ်ပါဝင်ဆောင်ရွက်ခဲ့သည်။ အဆိုပါ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၌ GRADE-8 မှ မောင်လှိုင်းပြည့်အောင်က "လူငယ်နှင့်စာပေ"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-6မှ မောင်နေထက်ရှိုင်းက "လူငယ်နှင့်ယဉ်ကျေးမှု"ခေါင်းစဉ်ဖြင့်လည်းကောင်း၊ GRADE-9 မှ မဝင့်ဝါလွင်က " လူငယ်နှင့်စာရိတ္တ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊   GRADE-9 မှ မဖူးပွင့်အောင်က "လူငယ်နှင့်မူးယစ်ဆေးဝါး"   ခေါင်းစဉ်တို့ဖြင့် ပါဝင်ဆွေးနွေးခဲ့ကြသည်။

ဆက်လက်၍ ဆွေးချက်များအပေါ် တက်ရောက်လာသော  ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည့်အချက်များကို ပြန်လည်မေးမြန်းဆွေးနွေးကြရာ ဦးဆောင်ဆွေးနွေးသူနှင့် ကဏ္ဍအလိုက် ပါဝင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ပေးခဲ့ကြသည်။

လူငယ်စကားဝိုင်းဆွေးနွေးပွဲသို့ လက်ထောက်မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီး ဦးဇင်မင်းအောင်နှင့် ဆရာ/ဆရာမများ၊ ကျောင်းသား၊‌ ကျောင်းသူများစုစုပေါင်း (၁၀၀)ကျော် တက်ရောက်ခဲ့ပြီး၊ ပါဝင်ဆွေးနွေးသူ ကျောင်းသား/ကျောင်းသူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင့်ဆွေ(ပြန်/ဆက်)