အ.ထ.က(၁) ညောင်ရွှေ၌ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဆောင်ရွက်

ညောင်ရွှေ ဩဂုတ် ၁၈

ကလေးသူငယ်များအပေါ် အကြမ်းဖက်ခြင်း၊ အလွှဲသုံးခြင်း၊ လစ်လျူရှုခြင်း၊ ခေါင်းပုံဖြတ်ခြင်းတို့မှ ကြိုတင်ကာကွယ်ခြင်းနှင့် တုန့်ပြန်ဆောင်ရွက်ပေးရန်၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ ရရှိခံစားနိုင်စေရန်နှင့် ကလေးသူငယ်ဆိုင်ရာ ဥပဒေများကို ကျောင်းသားလူငယ်လေးများ သိရှိအသုံးချတတ်စေရန် ရည်ရွယ်၍ ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

အခန်းအနားမစတင်မီ ညောင်ရွှေမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ကျောင်းသားကျောင်းသူလေးများအား ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်မာလာဝင်းက အသိပညာပေးလုပ် ငန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်၊ အသက်နှင့်စပ်လျဉ်းသည့် ပြဌာန်းချက်များ၊ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး၊ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများ၊ ကလေးသူငယ်ဆိုင်ရာ ဥပဒေများနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် အခန်းအနားတက်ရောက်လာသည့် ဆရာ၊ ဆရာများနှင့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန၊ ဦးစီးအရာရှိက ပြန်လည်ရှင်းလင်းဆွေးနွေး ဖြေကြားပေးခဲ့ကြောင်း သိရသည်။

စိုင်းအယ်ဘဲ