ဟုမ္မလင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာသင်းလုံးကျွတ် အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကျင်းပ

ဟုမ္မလင်း ဩဂုတ် ၁၉

၂၀၂၃-၂၀၂၄ ပညာသင်နှစ် မိဘဆရာသင်းလုံး ကျွတ်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုချီးမြှင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက ဟုမ္မလင်းမြို့ အ.ထ.က(၁) ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားကို နဝမတန်း ကျောင်းသား/ကျောင်းသူများက ပြည်မြန်မာသီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ပြီး၊  ဟုမ္မလင်းမြို့ ရပ်မိရပ်ဖ ဦးလှထွန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ အ.ထ.က (၁) ဟုမ္မလင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦးက မိဘဆရာ သင်းလုံးကျွတ် အစည်းအဝေး ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်စာမေးတွင် ဂုဏ်ထူးဖြင့် ပထဝီဝင်၊ သမိုင်း၊ ဘောဂဘာသာရပ် သုံးဘာသာဂုဏ်ရပ်နှင့် တစ်ဘာဂုဏ်ထူးရှင်များ၊ ဂုဏ်ထူးရရှိအောင် သင်ကြားပေးခဲ့သည့် ဆရာ/ဆရာမများ၊ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများအသီးသီးပေးအပ် ချီးမြှင့်ပေး ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့  အ.ထ.က(၁)ဟုမ္မလင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်သိန်းသိန်းဦး၊ ရပ်မိရပ်ဖ ဦးလှထွန်း၊ ကျောင်းအကျိုး တော်ဆောင် ကော်မတီဝင်များ၊ ကျောင်းသားမိဘများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)