ဒိုက်ဦး ဩဂုတ် ၁၉
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်တွင် ဩဂုတ် (၁၈) ရက်နေ့နံနက် (၆) နာရီအချိန်မှစတင်၍ ဒိုက်ဦးမြို့၊ ဈေးပိုင်းရပ်ကွက်၊ ကျောင်းကြီးလမ်း၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းရုံးရှေ့၌ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီစဉ်ညွှန်ကြားမှုဖြင့် မြို့နယ်တွင်း စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန် ရည်ရွယ်၍ ဒိုက်ဦးမြို့နယ်အတွင်းရှိ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများမှ သက်သာသောဈေးနှုန်းဖြင့် ဆန်၊ ဟင်းသီးဟင်းရွက်နှင့် အသားငါးများ တိုက်ရိုက်ရောင်းချသည့် အရောင်းဆိုင်အား ဖွင့်လှစ်၍ ရောင်းချပေးလျှက်ရှိသည်။
အဆိုပါ အခြေခံစားသောက်ကုန်များ စျေးနှုန်းချိုသာစွာ ရောင်းချပေးနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆန်းဦးနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှု့အားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)