ပျော်ဘွယ် ဩဂုတ် ၂၁
ပျော်ဘွယ်မြို့နယ်၊ မင်းလမ်းကျေးရွာအုပ်စု၊ ပေကုန်းကျေးရွာတွင် နေအိမ်ဘုရားမီးပူဇော်ထားသည့် လျှပ်စစ်မီးအပူလွန်ကဲရာမှတဆင့် ဩဂုတ်လ(၂၀)ရက်၊ ညနေ(၅)နာရီခွဲ အချိန်ခန့်ကမီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်ကြောင့် လေးပင်၊ သုံးပင်ထရံကာ၊ သွပ်မိုး၊ နှစ်ထပ်နေအိမ်တစ်လုံး လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်ကျွမ်းမှုကြောင့် မြိ့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ရမည်းသင်းခရိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူမျာက၊ ပြည်သူများပူးပေါင်း၍မီးငြိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
မီးလောင်ကျွမ်းမှုကြောင့် နေအိမ်တစ်လုံးသာ ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့ပြီး လူနှင့်တိရိစ္ဆာန်များထိခိုက်မှုမရှိကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)