အမ်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၂)နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ကွင်းဆင်းဆောင်ရွက်

အမ်း ဩဂုတ် ၂၁

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းကြီးကြပ်မှုဖြင့် ပန်းခင်းစီမံချက်အဆင့်(၂)နိုင်ငံသားစိစစ်ရေးကပ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပေးခြင်းကို ဂါယ်လောင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများ၌ ဩဂုတ်လ ၁၉ ရက်နေ့‌နံနက်ပိုင်းအချိန်က ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၂) နိုင်ငံသားစိစစ်ရေးကပ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းဆောင်ရွက်ပေးခြင်းအား မြို့နယ်ဦးစီးမှူးဦးကျော်မင်းထွန်းနှင့် ဝန်ထမ်းများက ဂါယ်လောင်းကျေးရွာအုပ်စုအတွင်းရှိ တောင်ဘက်ရွာ၊ အောက်ကျင်း၊ ကျောင်းကုန်း၊ ပြုတ်ကျွန်း၊ ပလောင်၊ ကွမ်းချောင်း၊ လမောဝ၊ နတ်ချောင်း၊ ပန်းဒုံးဝ၊ ညောင်ချောင်းကျေးရွာများမှ e-ID Software အတွင်း နိုင်မရှိသူအရေအတွက် လျှော့ချနိုင်ရေးအတွက် အိမ်ထောင်စုလူဦး‌ရေစာရင်းများ စိစစ်ဖြည့်စွက်ပြင်ဆင်ပြီး နိုင်ငံသားကပ်မရှိသူများအား နိုင်ငံသားစိစစ်ရေးကပ်ပြား ကျား(၃၉)ဦး မ(၄၄) ဦး ပေါင်း(၈၃)ဦး၊ အိမ်ထောင်စုလူဦး‌ရေစာရင်း(၁၈)စောင်နှင့် မွေးတိုးစာရင်းသွင်းခြင်း(၂၂)ဦးတို့ကိုကွင်းဆင်း၍ ဆောင်ရွက်ပေးကြောင်း သိရသည်။

စိုးမင်းထွန်း