အင်းစိန်မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်းနှင့် Biometric ကွင်းဆင်းဆောင်ရွက်

အင်းစိန် ဇူလိုင် ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် လူဝင်မှုကြီးကြပ်‌ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် “လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် Biometric စာရင်းကောက်ယူခြင်းတို့ကို ယ‌မန်နေ့နံနက်ပိုင်းက ရွာမအရှေ့ရပ်ကွက်၊ စော်ဘွားကြီးကုန်းရပ်ကွက်နှင့် အရှေ့ကြို့ကုန်းရပ်ကွက်များသို့ ကွင်းဆင်ဆောင်ရွက်‌ပေးခဲ့သည်။

‌ထိုသို့ ဆောင်ရွက်ပေးရာတွင် အကြီးတန်စာရေး ဦးမိုးကျော်သူကြီးကြပ်၍ ဝန်ထမ်းများသည် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ရပ်ကွက်အတွင်းရှိ ပြည်သူများအား အိမ်ထောင်စုစာရင်း စိစစ်ဆောင်ရွက်ခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးခြင်း၊ Biometric စာရင်း ကောက်ယူခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ရာ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးညီညီစိုးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးကြသည်။

အဆိုပါ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အသက်၁၆-၁၈နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်‌ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)