မတ္တရာ ဇူလိုင် ၂၇
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ် ဝသုန္ဒရကျေး ရွာအုပ်စု၊ ဝသုန္ဒရကျေးရွာ အနီးတစ်ဝိုက်ရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများအား စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်ခြင်းကို ဇူလိုင်လ ၂၃ ရက် နံနက်ပိုင်းက ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဝသုန္ဒရကျေးရွာ၊ ကျောက်တံတားကျေးရွာနှင့် ပုသိမ်ကြီးမြို့နယ် မြကန်သာကျေးရွာရှိ ယာယီနေရပ်စွန့်ခွာ ပြည်သူများသည် ကပိုင်ကျေးရွာအုပ်စု၊ ကပိုင်ကျေးရွာ မင်္ဂလာသုခဘုန်းတော်ကြီးကျောင်းတွင် အိမ်ထောင်စု(၂၉)စု၊ ကျား(၃၉)၊ မ(၅၀)၊ ပေါင်း(၈၉) ဦးနှင့်သရက္ကန် (တ)ကျေးရွာ ရေနားဘုန်းကြီးကျောင်းတွင် အိမ်ထောင်စု(၄၁)စု၊ ကျား(၁၁၀) မ(၁၀၇)၊ ပေါင်း(၂၁၇)ဦးတို့ ပြောင်းရွှေ့ရောက်ရှိနေရာချထားမှုအပေါ် အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေနှင့်အဖွဲ့ဝင်များ၊ မတ္တရာမြို့နယ်ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်အောင်ထွန်းနှင့် ဌာနဆိုင်ရာများသည် အဆိုပါ ဘုန်းတော်ကြီးကျောင်းများရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအားတွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း ဆန်အိတ်၊ ခေါက်ဆွဲခြောက်၊ ဆေးဝါးများနှင့် ဆေးကုသစရိတ်များ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ကျေးလက်ကျန်းမာရေးဌာနမှ ကျန်းမာရေးမှူး ဦးကျော်သူဦး ဦးဆောင်သောအဖွဲ့မှ ယာယီနေရပ်စွန့်ခွာပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)