သတင်းများ

မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပ
Aug 28,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး  ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုးကုတ်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လူထုအကျိုးပြု လုပ်ငန်းများနှင့် သဘာဝဘေးအန္တရာယ်များ ကျ​ရောက်ပါက ရှာဖွယ်ကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန် သဏ္ဍန်တူ/သရုပ်ဖော်လေ့ကျင့်ခြင်းများ ပြုလုပ်
Aug 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူထုအကျိုးပြုလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီပင်သာယာရေးအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ (၄)နာရီ အချိန်က မင်းတံတားရပ်၊ ဟပ်ဖလာရှိုး၌ သဏ္ဍန်တူ/ သရုပ်ဖော် လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၌ Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ်များ ထုတ်ပေးခြင်းဆောင်ရွက်
Aug 28,2023
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ရပ်ကွက်နေမိဘပြည်သူများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ်များထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က မြို့လယ်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြည်ကြီးတံခွန်မြို့နယ် အ-ထ-က (၂၉) ၌ ကျောင်းသား လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Aug 28,2023
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များအနေဖြင့် ဘက်စုံ ထူးချွန်သော လူရည်ချွန်၊ လူရည်မွန်များ ဖြစ်လာစေရန်နှင့် နောင်တစ်ချိန်တွင် နိုင်ငံတော်က အားထားရသည့် လူကောင်း လူတော်များ ဖြစ်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့မွန်းလွဲ (၁)နာရီက အမှတ် (၂၉) အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။
ပင်းတယမြို့နယ်၌ ဂျူးမြစ်များ လှိုင်လှိုင်ထွက်ရှိ၍  ဂျူးစိုက်တောင်သူများ မိသားစုစားဝတ်နေရေး အဆင်ပြေ
Aug 28,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် တောင်ပေါ်ကြီးကျေးရွာတွင် ယခုရက်ပိုင်းအတွင်း ဂျူးမြစ်လှိုင်လှိုင်ထွက်ရှိပြီဖြစ်၍ ဂျူးစိုက်တောင်သူများ မိသားစုအပိုဝင်ငွေရရှပြီး စားဝတ်နေရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဟင်္သာတမြို့နယ်၌ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Aug 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အ‌ရေးပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွတ်ခိုင်မြို့တွင် Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲ ကျင်းပ
Aug 28,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အများပြည်သူများကို (Gender, CEDAW, NSPAW) အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများတိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းနှင့် ကျား/မ တန်းတူညီမျှရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။
ညောင်ဦးမြို့ အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ဆေးလိပ်မသောက်သုံးရေး အသိပညာပေး ဟောပြောပွဲနှင့် ကျန်းမာရေး အသိပညာပေး ကွင်းဆင်း စစ်ဆေး
Aug 28,2023
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ညောင်ဦးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူးကျင်းပသော အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။