မိုင်းစံ ဩဂုတ် ၂၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ဆေးရောင်ခြယ်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က မိုင်းစံမြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပထမဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှုးဒေါ်ဥမ္မာထွေးက ပြိုင်ပွဲများကျင်းပခြင်းဖြင့် ကျောင်းသား၊ကျောင်းသူများ ပြိုင်ပွဲတွင်ပါ၀င်လိုစိတ်ရှိစေရန်၊ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ စိတ်ပျော်ရွှင်ကြည်နူးစေရန်၊ စာကြည့်တိုက်ကိုအသုံးပြုစေရန်၊ အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ ဆေးရောင်များကို လှပစွာခြယ်တတ်လာစေရန် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိပြီး ယဉ်ကျေးလိမ္မာပြီး ထူးချွန်ထက်မြက်သည့် မျိုးဆက်သစ်လူငယ်လူရွယ်များ ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းမှ Grade-2(A)နှင့်(B)အခန်းတို့မှ ကျောင်းသား/ကျောင်းသူစုစုပေါင်း(၉၀)ဦးတို့က ၀င်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများအသီးသီးချီးမြှင့်ခဲ့ကြောင်း သိရသည်။
မိုင်းစံ(ပြန်/ဆက်)