ကွတ်ခိုင်မြို့တွင် Gender, CEDAW, NSPAW အသိပညာပေးဟောပြောပွဲ ကျင်းပ

ကွတ်ခိုင် ဩဂုတ် ၂၈

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်ခရိုင်၊ ကွတ်ခိုင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ အများပြည်သူများကို (Gender, CEDAW, NSPAW) အမျိုးသမီးများအား နည်းမျိုးစုံဖြင့်ခွဲခြားမှု ပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်း၊ အမျိုးသမီးများတိုးတက်ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်းနှင့် ကျား/မ တန်းတူညီမျှရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်သည့် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၉)နာရီအချိန်က လူမှုဝန်ထမ်းဦးစီးဌာန၊ မူလတန်းကြိုကျောင်း၌ ကျင်းပသည်။

အဆိုပါဟောပြောပွဲတွင် ကွတ်ခိုင်မြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမင်းမင်းစံက Gender, CEDAW, NSPAW နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ အမျိုးသမီးအကြမ်းဖက်မှုဆိုင်ရာ အကြောင်းအရာများ၊ အကြမ်းဖက်ခြင်းအမျိုးအစားများ၊ အကြမ်းဖက်ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းအရာများ၊ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ အမျိုးသားနှင့်အမျိုးသမီးများ တန်းတူညီမျှဖြစ်မှုနှင့် သာတူညီမျှဖြစ်မှုအကြောင်းအရာများ၊ကျား/မရေးရာ တန်းတူညီမျှရှိမှုဆိုင်ရာ အကြောင်းအရာများ၊ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂသဘောတူစာချုပ်ပါ အကြောင်းအရာများ၊ ကျား/မအခြေပြု အကြမ်းဖက်မှုဖြစ်ပွားပါက တိုင်ကြားနိုင်သည့် နည်းလမ်းများနှင့် အဆိုပါအကြမ်းဖက်မှုများအား လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်‌ဆောင်မှု‌ပေးခြင်းများကို အကျယ်တဝင့် ဆွေးနွေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ချစ်မျိုးဦး(ကွတ်ခိုင်)