နမ့်ဆန် သြဂုတ် ၂၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ ရပ်ကွက်နေမိဘပြည်သူများအား Biometric Data ကောက်ယူခြင်းနှင့် UID နံပါတ်များထုတ်ပေးခြင်းကို မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ယနေ့နံနက်(၉)နာရီအချိန်က မြို့လယ်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ့်ဆန်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးတင်ထွန်းလင်းနှင့် ဝန်ထမ်းမျာက သတ်မှတ်နေ့ရက်အလိုက်ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး UID ကုတ်သည် နိုင်ငံသားဖြစ်ခြင်း/ မဖြစ်ခြင်းနှင့် သက်ဆိုင်မှုမရှိဘဲ နိုင်ငံအတွင်း အသက်(၁၀)နှစ်နှင့် အထက်ရှိသူ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ရသူများအပါအဝင် နိုင်ငံအတွင်း နေထိုင်သူအားလုံးကို ထုတ်ပေးခြင်းဖြစ်ကြောင်း၊ UID နံပါတ်ကိုင်ဆောင်သူများအနက် နိုင်ငံသားများနှင့် နိုင်ငံသားဖြစ်ရန် အရည်အချင်းရှိသူများအား National ID (NID) Smart Cart ထုတ်ပေးခြင်းကို နောက်တစ်ဆင့်အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ “e-ID စနစ်ဖြစ် လူမှုစီးပွားဘဝအဆင့်အတန်းမြင့်မားအောင် ဆောင်ရွက်ကြပါစို့” ဆောင်ပုဒ်နှင့်အညီ e-Government Application များနှင့် တွဲဖက်အသုံးပြုနိုင်ရန်အတွက် အခြေခံကျသည့် စနစ်တစ်ခုဖြစ်ကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ SIM ကတ်မှတ်ပုံတင်ခြင်း၊ ဘဏ်နှင့်ငွေကြေးဝန်ဆောင်မှုများ၊ နိုင်ငံကူးလက်မှတ်၊ ပြည်ပအလုပ်အကိုင် သက်သေခံကတ်နှင့် ယာဉ်မောင်းလိုင်စင်စသည့် ဝန်ဆောင်မှုလုပ်ငန်းများ လျှောက်ထားရာတွင် ပိုမိုလွယ်ကူစွာ လျှောက်ထားနိုင်သည့် အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ကြောင်း လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လက်ကမ်းစာစောင်များအရ သိရသည်။
နမ့်ဆန်ဒေသ(ပြန်/ဆက်)