မိုးကုတ် ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် လူထုအကျိုးပြုလုပ်ငန်းများနှင့် သဘာဝဘေး အန္တရာယ်များ ကျရောက်ပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များ မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စီပင်သာယာရေးအဖွဲ့များနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် ယမန်နေ့ ညနေ (၄)နာရီ အချိန်က မင်းတံတားရပ်၊ ဟပ်ဖလာရှိုး၌ သဏ္ဍန်တူ/ သရုပ်ဖော် လေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောက်မှုဖြင့် မြို့နယ်အတွင်း လူထုအကျိုးပြုလုပ်ငန်းများ ဆောက်ရွက်ရာတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက်ရာတွင်လည်းကောင်း၊ မိုးတွင်းကာလအတွင်း လေပြင်းတိုက်ခတ်သည့် ဘေးအန္တရာယ်နှင့် မိုးသည်းထန်စွာ ရွာသွန်းလျှင် ရေကြီး/ ရေလျှံခြင်း၊ မြေပြိုခြင်းတို့ ဖြစ်ပေါ်ရာတွင်လည်ကောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲဝင်များ၊ မြို့နယ်စီပင်သာယာရေးအဖွဲ့နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက သဏ္ဍန်တူ/သရုပ်ဖော် လေ့ကျင့်ခြင်းများ ကို ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)