ဟင်္သာတ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲနှင့် ဖွင့်ပွဲအခမ်းအနား ကို ယနေ့ နံနက် ၉ နာရီက ဟင်္သာတမြို့မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပြီး အရေးပြိုင်ပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ဟင်္သာတ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အဆင့်မြင့်ပညာတက္ကသိုလ်များမှ ကျောင်းသား/ သူများ၊ အခြေခံပညာ ကျောင်းများမှ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် မြန်မာ့တိုင်းရင်းသားလူမျိုးများ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားစေရန်၊ ယဉ်ကျေးမှုအမွေ အနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာ များ မပျောက်ပျက်စေရန်နှင့် တိုင်းရင်းသား စည်းလုံးညီညွတ်မှုရှိစေရန် ရည်ရွယ်ချက်ဖြင့် ၁၉၉၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပပြုလုပ်ခဲ့ပါ ကြောင်း၊ (၂၄)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲကိုလည်း နေပြည်တော်ကောင်စီ နယ်မြေတွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွား မည်ဖြစ်ကြောင်း၊ ဟင်္သာတ ခရိုင်အနေဖြင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် အဆိုဘာသာရပ်တွင် (၃၄)ဦး၊ အက ဘာသာရပ်တွင် (၁၂)ဦး၊ အရေးဘာသာရပ်တွင် (၄)ဦး၊ အတီးဘာသာရပ်တွင် (၂)ဦးနှင့် ရုပ်စုံသဘင် အဖွဲ့လိုက်ပြိုင်ပွဲတွင် (၁)ဖွဲ့၊ စုစုပေါင်း (၇၁)ဦး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ် ကြောင်း၊ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ကြသည့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များနှင့် အကဲဖြတ်ဒိုင်လူကြီးများအား ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီး နေလင်းအောင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးကျော်မြသန်း၊ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းတို့မှ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြကာ အမှတ်တရ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။
ဆက်လက်၍ ပြိုင်ပွဲဝင်များမှ အဆို၊ အက၊ အရေး၊ အတီး သက်ဆိုင်ရာ ဘာသာရပ်များအလိုက် ယှဉ်ပြိုင်ခဲ့ကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း နှင့် အဖွဲ့ဝင်များ၊ တက်ရောက် လာကြသော ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များမှ ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်နေမှုအား ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)