ညောင်ဦး ဩဂုတ် ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ညောင်ဦးခရိုင်/ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်၊ မိခင်နှင့်ကလေး စောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့တို့ ကြီးမှူးကျင်းပသော အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ညောင်ဦးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒေါက်တာလှမျိုးနိုင်က စိတ်ကျန်းမာရေးနှင့် ဆေးလိပ်မသောက်သုံးရေးအကြောင်း အသိပညာ ပေး ဟောပြောကာ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဌာနမှူး ဒေါက်တာရွှေစင်ထိုက်က ဆေးလိပ် သောက်သုံးခြင်းကြောင့် မိသားစုဘဝပျက်စီးမှူး၊ မျိုးဆက်သစ်များ ဆေးလိပ်၊ ကွမ်းယာ လက်တည့်စမ်းမသောက်သုံး၊ မစားကြဖို့ အသိပညာပေး ဟောပြောကာ ညောင်ဦးခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ထွေးထွေးဝင်းနှင့် ညောင်ဦးမြို့နယ် မိခင်နှင့် က လေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာဝင့်နှင့် အဖွဲ့ဝင်များမှ ကျောင်းသား သူများအား အာဟာရအဖြစ် ပေါင်မုန့်နှင့် ကိတ်မုန့်များ ဝေငှသည်။
ဆက်လက်၍ ညောင်ဦးခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများ သည် အမှတ်(၆)၊ တက်သိမ်းတောင်ရပ်ကွက်ရှိ နှလုံးလှစာကြည့်တိုက်သို့ သုတ/ရသစာအုပ်များ လှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍ ရပ်ကွက်နေပြည်သူများ ခြင်အန္တရာယ် ကင်းဝေးစေ ရေးအတွက် ရေအုတ်ကန်များ၊ ရေစည်ပိုင်းများနှင့် ရေလှောင်ကန်များ စစ်ဆေးခြင်း၊ အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး သွန် လဲ စစ် လုပ်ငန်းစဉ်များအား ပညာပေး ဆွေးနွေးကာ လက်တွေ့လုပ်ဆောင်ကြကြောင်း သိရသည်။
ဒီပါလင်း