မြဝတီမြို့ရှိ အခြေခံပညာကျောင်းများ၌ စွန့်ပစ်အမှိုက်များ စနစ်တကျဖြစ်စေရေး အမှိုက်အိမ်ထောက်ပံ့ပေးအပ်ခြင်းနှင့် အသိပညာပေးဟောပြော

မြဝတီ ဩဂုတ် ၂၉

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ ကျောင်းပတ်ဝန်းကျင် စိမ်းလန်းစိုပြေစေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်  ၁၀ နာရီအချိန်က မြဝတီခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေပူနှင့် အခြေခံပညာအထက်တန်းကျောင်း  (ဝါးတော)တို့၌   စွန့်ပစ်အမှိုက်များ  စနစ်တကျရှိစေရေး   အမှိုက်အိမ်များ  ထောက်ပံ့ပေးခြင်းနှင့် အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။

ရှေးဦးစွာခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ  လက်ထောက်ညွှန်ကြားရေးမှူး   ဦးရန်နိုင်ထွန်းက အခြေခံပညာကျောင်းများ၌     ကျောင်းပတ်ဝန်းကျင်  စိမ်းလန်းစိုပြေစေရေး  Clean &  Green  School တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး အခြေခံစံနှုန်း ၄ ချက်နှင့်  အညွှန်းကိန်း ၁၇ ချက်တို့နှင့်အညီ အကောင် အထည်ဖော် ဆောင်နိုင်ရန်အတွက် နေ့စဉ်စွန့်ပစ်အမှိုက်များကို စနစ်တကျစီမံခန့်ခွဲစွန့်ပစ်နိုင်ရေးနှင့် ပလတ်စတစ်အိတ်သုံးစွဲမှုလျော့ချရေးတို့ကို ကျောင်းသား၊ ကျောင်းသူများသိရှိနားလည်စေရန် ပရိုဂျက်တာဖြင့် ရှင်းလင်းပေးပြီး အသိ ပညာပေး  လက်ကမ်းစာစောင် ဖြန့်ဝေပေးသည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ရေပူနှင့် အခြေခံပညာအထက်တန်းကျောင်း  (ဝါးတော)တို့၌ ပြန်လည်တီထွင်အသုံးပြုနိုင်သော  စွန့်ပစ်ပစ္စည်းထည့်သွင်းစွန့်ပစ်ရန် အမှိုက်အိမ်တစ်လုံးစီ  ထောက်ပံ့ပေးအပ်ခဲ့ရာ  ကျောင်းအုပ်ကြီးများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)