ဝိုင်းမော် ဩဂုတ် ၂၉
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ် အမှတ်(၁) ခြေခံပညာ အထက်တန်း ကျောင်းဝန်းအတွင်းရှိ စက်မှု၊ စိုက်ပျိုးနှင့် မွေးမြူရေး အထက်တန်းကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ထောက်ပံ့ငွေများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီခွဲက အဆိုပိကျောင်းရှိ ခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြစ်ကြီးနားခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးအောင်မျိုးဝင်းက အဖွင့်အမှာ စကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးယဉ်မင်းစိုး၊ မြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါက်တာ မြင့်သူနှင့် ဒုတိယမြို့နယ် ပညာရေးမှူး ဦးအံ့ခိုင်တို့က ကျောင်းသား၊ ကျောင်းသူ (၆၀) ဦးအတွက် တစ်ဦးလျှင် တစ်လတစ်သောင်းနှုန်းဖြင့် (ဇွန်၊ ဇူလိုင်၊ ဩဂုတ်) (၃) လအတွက် ထောက်ပံ့ငွေကျပ် သိန်းပေါင်း (၁၈) သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ဖြူစင်