"နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်းဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ စုပေါင်းလှူဒါန်း

ကျောင်းကုန်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်ဌာနဆိုင်ရာများက "နွယ်သိင်္ဂ္ဂီ" သီလရှင်စာသင်တိုက်သို့ ဆွမ်း၊ ဆန်၊ ဆီ၊ သီလရှင်ဝတ်စုံနှင့် ဗလာစာအုပ်များ လှူဒါန်းမှုကို ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲအချိန်ခန့်က ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ "နွယ်သိင်္ဂ္ဂီ" သီလရှင်ကျောင်းထိုင်ဆရာကြီး ဒေါ်သု ဦးဆောင်သော ဆရာကြီး/ ဆရာလေးများက မေတ္တာသုတ်ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပြီး၊ ဆွမ်းဆန်၊ ဆီ၊ သီလရှင် ဝတ်စုံနှင့် ဗလာစာအုပ်များ လှူဒါန်းခဲ့ကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ရေစက် သွန်းချ အမျှအတမ်းပေးဝေခဲ့သည်။

အဆိုပါ လှူဒါန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်း၊ အဖွဲ့ဝင်(၁) ဗိုလ်မှူး‌ နေဝင်းနောင်၊ အဖွဲ့ဝင်(၂) ဦးတင်မောင်၊ အဖွဲ့ဝင်(၃) ဦးမင်းသူအောင်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်ယဉ်မြင့်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ဒေါ်ခင်နေနွယ်စံနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး ဆွမ်းဆန်(၂)အိတ်၊ ဆီ(၁၀)ပိဿာ၊ သီလရှင် ဝတ်စုံ(၁၈)စုံ၊ ဗလာစာအုပ် ဒါဇင်(၃၀)၊ ခဲတံအချောင်း(၁၀၀)တို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)