သရက်မြို့၌ စားသုံးဆီ သက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်

သရက် ဩဂုတ် ၃၁

မကွေးတိုင်းဒေသကြီး သရက်မြို့တွင် စားသုံးဆီသက်သာဈေးနှုန်းဖြင့် ရောင်းချနေမှုအား ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက်(၈)နာရီက ဦးရှိုးတီ(ခ) ရှိုးစားသုံးဆီ ရောင်းဝယ်ရေးဆိုင်တွင် ရောင်းချနေမှုအား စားသုံးသူရေးရာဦးစီးဌာန ကြီးကြပ်ဆောင်ဆောင်ရွက်လျက်ရှိသည်။

အဆိုပါစားသုံးဆီများ ရောင်းချပေးရာတွင် စားသုံးဆီတစ်ပိသာ (၄၆၀၀)ကျပ် ရောင်းချပေးလျက်ရှိရာ ဆီပိသာ (၅၅၀)ပိသာအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)