မိုင်းယောင်း ဩဂုတ် ၃၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဗလမင်းထင်ခန်းမ၌ ယမန်နေ့နံနက်၈နာရီတွင် တည်ဆောက်ရေးလုပ်ငန်းများ စစ်ဆေးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး တက်ရောက်လာသည့် မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီအဖွဲ့ဝင်များက မြို့နယ်အတွင်း တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီစေရေး၊ သတ်မှတ်စံချိန်စံညွှန်း ကိုက်ညီစေရေးနှင့်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးရေးကိစ္စရပ်များနှင့်ပတ်သတ်၍ ဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို မြို့နယ်အဆင့် တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)