ပေါင်မြို့နယ်တွင် အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေး

ပေါင် စက်တင်ဘာ ၃

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၁)နှစ်ခွဲအောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ ဆေးပေးခန်းများ၌ ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနမှ တာဝန်ကျဆရာမများက မွေးစမှအသက်(၁)နှစ်‌ခွဲ  အောက်ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာ၊ ချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက်အမြှေးရောင်ရောဂါ၊ ပိုလီယိုရောဂါများကို ကာကွယ်နိုင်ရန်ကာကွယ်ဆေးထိုးနှံခြင်း/  တိုက်ကျွေးခြင်းတို့ကို ရပ်ကွက်/ကျေးရွာများအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)