ပဲခူး စက်တင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းဒေသကြီးအတွင်းရှိ ဒေသခံပြည်သူများအား ငါး၊ ဆန်၊ ဆီများကို သက်သာသောဈေနှုန်းဖြင့် စားသုံးသူ လက်ဝယ်အရောက် ဝယ်ယူစားသောက်နိုင်ရေး ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ယနေ့တွင်လည်း ပဲခူးမြို့နယ်မဇင်းရပ်ကွက်၊ ရွှေသာလျောင်းဈေးအနီး၌ ငါး၊ ဆန်၊ ဆီများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိရာ ငါးတစ်ပိဿာကျပ် ၅၀၀၀၊ ဆီတစ်ပိဿာ ကျပ် ၅၀၀၀ နှင့် ဆန်တစ်ပြည် ကျပ် ၂၅၀၀ နှုန်းများဖြင့် ရောင်းချပေးမှုအပေါ် ဒေသခံပြည်သူများက ဝမ်းသာအားရ ဝယ်ယူအားပေးကြကြောင်းနှင့် ယခုကဲ့သို့ ငါး၊ ဆန်၊ ဆီ များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးမှုအပေါ် တာဝန်ရှိသူများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း သိရသည်။
သက်ဖြိုးကြိုင်(ပြန်ဆက်)