တနိုင်း စက်တင်ဘာ ၃
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဩဂုတ်လ ၃၁ ရက်နေ့ မွန်းလွဲ(၁)နာရီက ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ် (တနိုင်း) ဗိုလ်မှူးချုပ်မြတ်မင်းမိုးနှင့် ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ ဒေသဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးကို ပြုလုပ်ကျင်းပခဲ့သည်။
အစည်းအဝေးတွင် ဒေသကွပ်ကဲရေးမှူးစစ်ဌာနချုပ်(တနိုင်း) ဗိုလ်မှူးချုပ် မြတ်မင်းမိုးမှ အဖွင့်အမှာစကားပြောကြားခြင်းနှင့် ဘဝအတွေ့အကြုံ၊ လုပ်ငန်းဆောင်ရွက်မှုများ၊ တနိုင်းမြို့ကြီး တည်ငြိမ်အေးချမ်းသာယာစေရန်၊ ယခုအချိန်ထက် ဒေသဖွံဖြိုးတိုးတက်ရန်၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများကလည်း အဖွဲ့အစည်းများနှင့် ဆက်စပ်လုပ်ဆောင်ချိန်တွင် ပူးပေါင်းဆောင်ရွက်ပေးရန်၊ လမ်းပမ်းဆက်သွယ်ရေး ကောင်းမွန်ရန် အလေးပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း တွေ့ဆုံမှာကြားခဲ့သည်။
ထိုနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများနှင့်ဌာနဆိုင်ရာများက မိမိတို့၏ဌာနလုပ်ငန်းဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြကြောင်း သိရသည်။
ပန်းအိ(တနိုင်း)