သတင်းများ

ကန်ကြီးထောင့်မြို့နယ်တွင် ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် စားသုံးဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေး
Sep 05,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ ပြည်သူများ စားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသောဈေးနှုန်းဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်ခန့်က ကန်ကြီးထောင့်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်၊ အခွန်လွတ်ဈေး၌ ရောင်းချပေးခဲ့သည်။
ရမ်းဗြဲမြို့၌ ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ကျောင်းကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားကို ယမန်နေ့နေ့လယ် (၂) နာရီအချိန်က အမှတ်(၂)ရပ်ကွက် အ.မ.က ရွှေတုံးကျောင်း၌ ပြုလုပ်ခဲ့သည်။
ကျောက်တော်မြို့၌လူငယ်အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံလာစေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားလာစေပြီး စဉ်းစားတွေး ခေါ်မှုစွမ်းရည်များမြင့်မားသည့် လူတော်လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်အသိပညာပေးဟောပြောပွဲကို ယမန် နေ့နံနက် ၁၁ နာရီက သရက်တပင်‌ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ပြင်ဦးလွင်မြို့တွင် သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီဝယ်ယူရရှိနိုင်ရေး စီစဉ်ဆောက်ရွက်
Sep 05,2023
စားသုံးဆီများကို ဈေးကွက်အတွင်း ပျံ့နှံရောက်ရှိစေရန်နှင့် စားသုံးသူများ သက်သာသောဈေးဖြင့် ဝယ်ယူရရှိနိုင်ရန်အတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စီစဉ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့် မွန်းတည့် ၁၂ နာရီအထိ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း အစီအစဉ်ဖြင့် ပြင်ဦးလွင်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက  မော်တော်ယာဉ်ဖြင့် ပြင်ဦးလွင်မြို့နယ်၊ ရပ်ကွက်ကြီး(၂)၊ ဈေးလေးလမ်းဆုံမီးပွိုင့်အနီး၊ သုမင်္ဂလာဈေးရှေ့တွင် စားသုံးဆီများအား သက်သာသော နှုန်းထားများဖြင့် ဒေသခံပြည်သူများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။
သပိတ်ကျင်းမြို့၌ မြို့နယ်စည်သာယာရေးအဖွဲ့မှ စားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ပြည်သူများအား ရောင်းချပေး
Sep 05,2023
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့က ဘဲ့ရပ်ကွက်၊ ကမ္ဘာအေးကွက်သစ်ရှိ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့၌ ယမန်နေ့နံနက်( ၇)နာရီက သပိတ်ကျင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဦးစီး၍ မြို့နယ်စည်ပင်ဈေးဖြင့် သတ်​မှတ်ပေးထားသည့် ဈေးရောင်းပွဲပြုလုပ်ပေးခဲ့ကြောင်းသိရသည်။
ရှမ်းပြည်နယ် လူငယ်ရေးရာဗဟိုကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Sep 05,2023
မြန်မာနိုင်ငံ လူငယ်ရေးရာဗဟိုကော်မတီနှင့် ရှမ်းပြည်နယ် လူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၃) ကို ယမန်နေ့ နံနက် (၉) နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝးခန်းမ၌ ကျင်းပသည်။
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲ ဖွင့်ပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေးတက်ရောက်
Sep 05,2023
ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်း (မိုခါ)အလွန်ကာလ စစ်တွေမြို့နှင့်အနီးပတ်ဝန်း ကျင်ဒေသစိမ်းလန်းစိုပြေရေးအတွက် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အခြားပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနမှ ဝန်ထမ်းများအား တွေ့ဆုံဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး စစ်တွေတက္ကသိုလ် ဘာသာရပ်ပေါင်းစုံ အမျိုးသားဖူဆယ်ပြိုင်ပွဲဖွင့်ပွဲ၊ ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်၊ ပြုပြင်ထိန်းသိမ်းမှု (အခြေခံ) ဝန်ထမ်းသင်တန်းဖွင့်ပွဲနှင့် ပြန်လည်ထူထောင်ရေး ညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ထားဝယ်တက္ကသိုလ်၌ လူငယ်နှင့်လောကနီတိခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပွဲကျင်းပ
Sep 05,2023
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးရေးအစီအစဉ်လူငယ်နှင့် လောကနီတိခေါင်းစဉ်ဖြင့်အသိပညာ ပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ထားဝယ်တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ထားဝယ်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ သန်းသန်းဦးနှင့်ဘာသာရပ်အသီးသီးမှ ပါမောက္ခဌာနမှူးများ၊ ကျောင်းသား/သူများ (၂၀၀)ဦးခန့်စိတ်ပါဝင်စားစွာတက်ရောက်ခဲ့ကြသည်။