မိတ္ထီလာ စက်တင်ဘာ ၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ မိတ္ထီလာမြို့ ပေါက်ချောင်းဈေး၌ ပြည်သူ့သက်သာဈေး အရောင်းဆိုင်ကို ယနေ့နံနက် ၇ နာရီအချိန်က ဖွင့်လှစ်ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဘဲဥ၊ ဝက်သား၊ ဆိတ်သား၊ အမဲသား၊ ငါး၊ ပုဇွန်၊ ခေါက်ဆွဲ စသည့် အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရာ ဈေးရောင်းဈေးဝယ်နေမှု အခြေအနေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့် အဖွဲ့ဝင်များ ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးထက်ဇော်နှင့် တာဝန်ရှိသူများက ကြည့်ရှု့အားပေးသည်။ ၎င်းပြည်သူ့သက်သာဈေးအရောင်းဆိုင်တွင် ရောင်းချသည့် အခြေခံစားသောက်ကုန်များကို ထုပ်ပိုးရောင်းချပေးရာတွင် ပလတ်စတစ်သုံးစွဲမှု လျှော့ချစေရေးနှင့် ပလတ်စတစ်သုံးစွဲမှု ကင်းစင်ပပျောက်ရေးအတွက် ပလပ်စတစ်အစားထို အင်ဖက်၊ သတင်းစာ စက္ကူများဖြင့် ထုပ်ပိုးရောင်းချပေးခဲ့သည်။ အဆိုပါ ပြည်သူ့သက်သာဈေးအရောင်းဆိုင်ဖွင့် လှစ်ရောင်းချခြင်းကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်ဈေးများတွင် အပတ်စဉ်အလိုက် ဖွင့်လှစ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
ချမ်းသာ