မိုင်းဖြတ်မြို့နယ်၌ အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်း ကွင်းဆင်းဆောင်ရွက်

မိုင်းဖြတ် စက်တင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းမျာသည် အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက နမ့်နန်း(ရှမ်း)ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက  ဒုတိယဦးစီးမှူး ဦးပြည့်ဖြိုးဇော်က  လူငယ်များ အနာဂတ်ရည်မှန်းချက်ထားရှိရန်နှင့် ရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်ရွက်ပုံ အဆင့်ဆင့်နှင့်မူယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်  စာကြည့်တိုက် လက်ထောက်-၃ ဒေါ်နန်းကောင်ခမ်းက  ကျောင်းစာကြည့်တိုက်အတွက် ဒို့ကျေးရွာဂျာနယ်နှင့် သုတ၊ ရသစာအုပ်စာစောင်များကို တာဝန်ရှိသူထံ ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက်   လုပ်သားရုပ်သံ ဒေါ်နှင်းနုထွေးက ကျောင်းသား၊ ကျောင်းသူများကို  စာဖတ်ခြင်း၏ အကျိုးကျေးဇူများကို ရှင်းလင်းပြောကြားပြီး ပုံပြင်ပြောခြင်းနှင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသည့် ကလေးအလုပ်သမားပပျောက်ရေးနှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေး နံရံကပ်စာစောင် များကို ကျေးရွာနေပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)