တနင်္သာရီမြို့နယ် Community Centre တွင် မိုဘိုင်းဖုန်းဖြင့် ဗီဒီယိုတည်းဖြတ်နည်း သင်တန်းဖွင့်လှစ်

တနင်္သာရီ စက်တင်ဘာ ၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများအား ရုပ်/သံသတင်းများကို မိုဘိုင်းဖုန်းဖြင့် စနစ်တကျ တည်းဖြတ်ပေးပို့တတ်စေရန် ရည်ရွယ်၍ Kine Master APP အသုံးပြုနည်းသင်တန်းကို စက်တင်ဘာလ ၇ ရက်နေ့ နံနက် ၁၁ နာရီခွဲအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမအတွင်း လက်တွေ့ဖွင့်လှစ် သင်ကြားပေးခဲ့သည်။

၎င်းသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထိန်ဝင်းက မိုဘိုင်းဖုန်းနှင့် Kine Master APP ဖြင့် (၁၆:၉) စကေးဖြင့် အောက်ခံအခြေခံဖရိန်နှင့်အပေါ် Layar ရွေးနည်း/ ဗွီဒီယိုအပေါ် ဗွီဒီယိုထပ်တင်နည်း/ ဗွီဒီယိုဖိုင်များကို လိုအပ်သလို ဖြတ်တောက်နည်း/ ဗွီဒီယိုဖိုင်များအကြား Effect ထည့်နည်း/ Sticker ထည့်နည်း/ Media ရွေးနည်း/ Text အသုံးပြုနည်း/ Hand Writing အသုံးပြုနည်း/ စာနှင့်ဓါတ်ပုံ/ဗွီဒီယိုများအား In Animastion / Out Animastion ပြုလုပ်နည်း/ Animastion Kye အသုံးပြုနည်း/ Audio အသံသွင်းနည်း/ Speed အနှေး-အမြန်နည်း/ သတင်းစာသားများကို Color ရွေးနည်း/ Reverse ဗွီဒီယိုကိုအနောက်ပြန်ဆုတ်ခြင်း /Export ပြုလုပ်နည်းစသဖြင့် လက်တွေ့သင်ကြားပေးပြီး အသုံးပြုတတ်စေရန်အတွက် ဗွီဒီယိုဖိုင်များကို We Transfer ဖြင့် သက်ဆိုင်ရာ Email သို့ ပေးပို့နည်းများကို လက်တွေ့ပြသပေးရာ ဝန်ထမ်းများက စိတ်ပါဝင်စားစွာ လိုက်ပါလေ့ကျင့်ကြကြောင်း သိရသည်။

နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)