ကလိန်အောင် စက်တင်ဘာ ၇
ကျန်းမာပျော်ရွှင်ပညာသင်၊ စွမ်းရည်ထက်မြက်အနာဂတ်အတွက်ဟူသော ဆောက်ပုဒ်နှင့်အညီ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ကလိန်အောင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ အခြေခံပညာ အထက်တန်းကျောင်းရှိ ပညာရတနာခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ကျောင်းသား၊ ကျောင်းသူများအား၂၀၂၃- ၂၀၂၄ ပညာသင်နှစ် ကျောင်းကျန်းမာ ရေး သီတင်းသတ္တပတ်လှုပ်ရှားမှု အသိပညာ ပေးဟောပြောပွဲ ဆောင်ရွက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ကျောင်းကျန်းမာရေး သီတင်းသတ္တပတ်လှုပ်ရှားမှု အသိပညာပေးဟောပြောပွဲတွင် ကလိန်အောင်မြို့ အခြေခံပညာအထက် တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီဝင်း ကအဖွင့်အမှာစကားပြောကြားသည်။
ပြီးနောက် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အထက်တန်းသူနာပြုဆရာမကြီး ဒေါ်အေးအေးရီက ကျောင်းသား၊ ကျောင်းသူများတွင် ကျန်းမာရေးနှင့် ညီညွတ်သော အလေ့ အကျင့်ကောင်းများ ကျင့်သုံးနိုင်စေရေးရန် သန့်ရှင်း၍ ကျန်းမာရေးနှင့်ညီညွတ်သော ကျောင်း ပတ်ဝန်းကျင်များပေါ်ထွန်းလာစေရေး၊ ရေရှည်တည်တံ့စေရေးအတွက် အထောက်အကူရစေရန်ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ကြောင်း၊ ဆက်လက်၍ ခြင်ကြောင့်သွေးလွန်တုပ်ကွေး ရောဂါ အန္တရာယ်များဖြစ်ပွားနိုင်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ရေဖြူမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက ကျောင်းသား၊ ကျောင်းသူများအား စနစ်တကျ သွားတိုက်နည်း၊လက်ဆေးနည်းများကို သရုပ်ပြသပြီးသန်ချဆေး တိုက်ကျွေးခြင်း၊ ကျောင်းသူများအား သံဓာတ်အားဖြည့် ဆေးပြားများပေးဝေခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခင်ခင်လဲ့(ကလိန်အောင်)