ဆဒုံးဒေသထွက် ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိ

ဆဒုံး စက်တင်ဘာ ၇

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဆဒုံးမြို့ရှိ ဒေသခံပြည်သူများမှာ စားဝတ်‌နေရေးအတွက် လယ်၊ ယာ လုပ်ငန်းအား အဓိကလုပ်ကိုင်ကြရာ ဒေသခံများအနေဖြင့် ဂေါ်ရခါးပင်များကို စင်ထိုးပြီး တစ်နိုင်တစ်ပိုင် စိုက်ပျိုးလုပ်ကိုင်လျက်ရှိပြီး ယခုအခါ  ဂေါ်ရခါးသီးများ ခူးယူရောင်းချခြင်းဖြင့် မိသားစု အပိုဝင်ငွေရရှိကြောင်း သိရသည်။

အဆိုပါ ဆဒုံးဒေသတွင် စိုက်ပျိုးသော ဂေါ်ရခါးသီးပင်များမှာ သဘာဝမြေဩဇာကိုသာ အသုံးပြုခြင်းကြောင့် လူကြိုက်များ၍ မိသားစု အပိုဝင်ငွေရရှိစေရေး ခူးယူရောင်းချလျက်ရှိရာ တစ်လုံးလျှင် ငွေကျပ် (၂၀၀) ရရှိကြောင်းနှင့် ဂေါ်ရခါးပင်သည် ရာသီမရွေးအသီးသီးသောကြောင့် ဒေသခံများ အနေဖြင့် ပိုမိုစိုက်ပျိုးလုပ်ကိုင်သင့်ကြောင်း ဒေသခံတောင်သူများထံမှ သိရသည်။

ခင်မာဝင်း(ဆဒုံး)