သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ သတိပြုရန်အချက် နံရံကပ်ကြော်ငြာ (Poster) များ အခွန်ထမ်းလုပ်ငန်းရှင်များထံဖြန့်ဝေ

သာပေါင်း စက်တင်ဘာ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနမှ ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း ဆိုင်ရာ သတိပြုရန်အချက် နံရံကပ်ကြော်ငြာ (Poster)များ အခွန်ထမ်း လုပ်ငန်းရှင်များထံ ဖြန့်ဝေပေးခဲ့သည်။

ထိုသို့ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတိပြုရန်အချက် နံရံကပ်ကြော်ငြာ (Poster) များအား မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးတင်မောင်ထွေး၊ ဒုတိယဦးစီးမှူး ဦးကျော်လင်းအောင်နှင့် ဝန်ထမ်းများက ပြေစာများပေါ်တွင် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သတိပြုရန်အချက်များမှာ ရှင်းလင်းမြင်သာသော နေရာ၌ အခွန်အမှတ်တံဆိပ်များကို စွဲမြဲစွာကပ်နှိပ်ရမည်။ အခွန်အမှတ်တံဆိပ်အား အုပ်၍ ကပ်နှိပ်ခြင်း၊ တစ်ခုနှင့် တစ်ခုထပ်၍ စုပြုံကပ်နှိပ်ခြင်းမပြုရ။ QR Code ပါရှိသော အခွန်တံဆိပ်ပေါ်တွင် QR Code မပါသောအခွန်တံဆိပ်အား အုပ်၍ ကပ်နှိပ်ခြင်းမပြုရ။ အခွန်အမှတ်တံဆိပ်များပေါ်တွင် ဆိုင်အမှတ်အသား တံဆိပ်ကို ထပ်၍ ပုံနှိပ်ခြင်းမပြုရ။ ကျသင့်ကုန်သွယ် လုပ်ငန်းခွန်နှင့် အနီးစပ်ဆုံး တန်ဘိုးတူညီသည့် တန်ဘိုးကြီး အခွန်အမှတ်တံဆိပ်များကို ရွေးချယ်၍စွဲမြဲစွာ ကပ်နှိပ်ရမည်။ စသည့် သတိပြု အသိပေး စာသားများပါရှိသော နံရံကပ်ကြော်ငြာ (Poster) များအား အခွန်ထမ်းလုပ်ငန်းရှင်ဆိုင်များထံသို့ သွားရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်