ပုဏ္ဏားကျွန်း စက်တင်ဘာ ၇
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဆိုင်ကလုန်းမုန်တိုင်း(မိုခါ) တိုက်ခတ်မှုကြောင့် မုန်တိုင်းဘေးသင့်ပြည်သူများအတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နေ့လယ် ၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးဦးစီးဌာန၊ ကယ်ဆယ်ရေးပစ္စည်းများ သိုလှောင်ရုံဂိုဒေါင်၌ ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ရာတွင် နိုင်ငံတော်အစိုးရမှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်(၁၆၈၁) အိတ်နှင့် စားသောက်ဖွယ်ရာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများက ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု ၃၄ အုပ်စုအတွက် လေဘေးသင့် ပြည်သူများကိုယ်စား ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)