လောင်းလုံးမြို့နယ်အတွင်း မိုးစပါးစိုက်ပျိုးရေးသွင်းအားစု မတည်ချေးငွေ (သမဝါယမကဏ္ဍ)ပေးအပ်ပွဲ အခမ်းအနားကျင်းပ

လောင်းလုံး စက်တင်ဘာ ၈

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့၌  (၂၀၂၃-၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် သမဝါယမကဏ္ဍမှ မိုးစပါးဧက (၁၀၀၀၀) စိုက်ပျိုးရေးစီမံကိန်း(၁)ဧက အထွက်နှုန်းတိုးတက်ရေး (မြစိမ်းရောင်) အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လောင်းလုံးမြို့နယ်အတွင်းရှိ ရွှေလင်းထိန်စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၉)ဦးအား မတည်ငွေ (မျိုးစပါး၊ ဓာတ်မြေသြဇာ) ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်  ၁၀ နာရီတွင် လောင်းလုံးမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဗထူးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် မြို့နယ်အဆင့် မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ ဦးကျော်လွင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်အဆင့် မျိုးစပါးစိုက်ပျိုးရေး (မြစိမ်းရောင်) ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ မြို့နယ်သမဝါယမ ဦးစီးအရာရှိ ဦးအောင်ဝင်းမှ လောင်းလုံးမြို့နယ်အတွင်း မိုးစပါးရာသီတွင်မိုးစပါးအကောင် အထည်ဖော်ဆောင်ရွက်နိုင်မှု အခြေအနေ မတည်ချေးငွေနှင့်ပတ်သက်၍ ချေးငွေဆိုင်ရာဆောင်ရွက်မှုအခြေအနေ၊ မိုးစပါးတောင်သူများအား လယ် (၁) ဧကလျှင် ငွေကျပ်(၂)သိန်းနှုန်းနှင့် ညီမျှသော သွင်းအားစုများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ မတည်ချေးငွေထုတ်ယူခြင်းနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေပြီး လောင်းလုံးမြို့နယ်အတွင်း ရွှေလင်းထိန် စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းမှ အသင်းသားတောင်သူ (၃၉) ဦး၊ စိုက်ပျိူးဧက (၂၇၂) ဧကအတွက် မတည်ချေးငွေ (၅၄၄) သိန်းအား မြို့နယ်အဆင့်မျိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင် ကြီးကြပ်မှုကော်မတီဥက္ကဌ ဦးကျော်လွင်မှ လောင်းလုံးမြို့နယ်၊ သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းစိန်သို့ လွှဲပြောင်းပးအပ်ခြင်း၊ ဝိုင်းကြီးချုပ်အဖွဲ့(၆)ဖွဲ့သို့ အဖွဲ့အလိုက် ထုတ်ချေးပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်အဆင့် မိုးစပါးစိုက်ပျိုးရေးစီမံကိန်း မြစိမ်းရောင်ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ၊ အတွင်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်သမဝါယမဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုအမှုဆောင်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရွှေလင်းထိန်စိုက်ပျိုးထုတ်လုပ်ရး၊ သမဝါယမအသင်းအမှုဆောင်များ၊ မတည်ချေးငွေရရှိသည့် အသင်းသား တောင်သူများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

သိန်းသိန်း(လောင်းလုံး)