တံတားဦးမြို့နယ်တွင် ရေဘေးရှောင်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

တံတားဦး စက်တင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တံတားဦးမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီ မြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွှေ့နေထိုင်ရသည့် ရေဘေးသင့်ပြည်သူများအား ဆန်ရိက္ခာဘိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၉)နာရီက တံတားဦးမြို့ အမှတ်(၂) ရပ်ကွက် ဆုံကုန်းရပ်ရှိ ချမ်းသာကြီးဆုတောင်ပြည့်ဘုရား ရင်ပြင်တော်ပေါ်၌ ကျင်းပကြောင်း သိရသည်။

အခမ်းအနားတွင် တံတားဦးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဇော်ကိုကိုက ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် စပ်လျဉ်း၍ရှင်းလင်းပြောကြားရာတွင် မိမိတို့ကျေးရွာအုပ်စုတွင်ရှိကြသော ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးကိုအထူးဂရုပြုနေထိုင်ကြရန်လိုကြောင်း၊ သန့်ရှင်းသောက်သုံးရေကို ကြိုချက်၍သောက်သုံးရန်လိုကြောင်းနှင့် မိမိတို့နေထိုင်သည့် ပတ်ဝန်းကျင်ကိုလည်းသန့်ရှင်းအောင် ရေထိုင်ရန်လိုကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ငွေများကို သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများထံသို့ မြို့နယ်အုပ်ချုပ်ရေးနှင့်တာဝန်ရှိသူများ ထောက်ပံ့ပေးအပ်ကြသည်။

တံတားဦးမြို့နယ်အနေဖြင့် (၆.၉.၂၀၂၃) ရက်နေ့တွင် ဧရာဝတီမြစ်ရေနှင့် ဒုဌဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေအိမ်ပြောင်းရွေ့နေထိုင်ရသည့် ရေဘေးသင့်အိမ်ထောင်စုများမှာ အမှတ်(၂)ရပ်ကွက်၊ ဆုံကုန်းရပ် ချမ်းသာကြီးဘုရားပေါ်တွင်  အိမ်ထောင်စု(၅၇)စု၊  ချမ်းသာရဘုရားပေါ်တွင် (အိမ်ထောင်စု(၈)စု၊  မင်္ဂလာစေတီဘုရားပေါ်တွင် အိမ်ထောင်စု(၂)စု၊  ငတက်ပြားဘုရားပေါ်တွင် အိမ်ထောင်စု(၉)စု၊ တစ်ဦးလျှင် ထောက်ပံ့ငွေကျပ် (၂၁၀၀) နှုန်းဖြင့် စုစုပေါင်း ရေဘေးရှောင်အိမ်ထောင်စု(၇၃) စု၊ လူဦးရေပေါင်း( ၂၆၉ )ဦးအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၆၄၉၀၀) ကို ထောက်ပံ့ပေးနိုင်ကြောင်း သိရသည် ။

ရဲတင့်(ပြန်/ဆက်)