မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်

မြင်းခြံ စက်တင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုများအတွက် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နေ့လယ် (၃:၀၀)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြုလုပ်ခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် အမှတ်(၆)ရပ်ကွက် ပြောင်းပြာချောင်းအနီးနေထိုင်ကြသည့် ရေနစ်မြုပ်အိမ်ထောင်စု(၁၅)စုမှ လူဦးရေ(၇၅)ဦးအတွက် ဆန်ရိက္ခာဖိုး(၇)ရက်စာ (၁၅၇၅၀၀)ကျပ်အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးကျော်ဝင်းစိန်နှင့် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ  တာဝန်ရှိသူတို့ကပေးအပ်ခဲ့ရာ ရွှေ့ပြောင်းနေထိုင်ရသော အိမ်ထောင်စုဝင်များက လက်ခံရရယူခဲ့သည်။

စက်တင်ဘာလ(၇)နံနက် (၉:၃၀)နာရီအချိန် တိုင်းထွာချက်အရ မိုးရေချိန်(၃.၃၉) လက်မရှိခဲ့ကြောင်း မြို့နယ်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။

ကျော်စွာ(မြင်းခြံ)