ပလောက်မြို့ အ.ထ.က ကျောင်းတွင် လူငယ်စကားဝိုင်းကျင်းပ
Sep 10,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် ကျောင်းသား လူငယ်များ ပေါ်ထွန်းလာစေရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယမန်နေ့ နံနက် ၁၀ နာရီအချိန်က (အ.ထ.က၊ ပလောက်) ကျောင်းခန်းမတွင် လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။