သတင်းများ

နမ့်စန်တွင် ပထမအကြိမ်မြောက် မြို့နယ်လုံးကျွတ် စာရေးတံမဲပွဲကျင်းပ
Sep 11,2023
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပထမအကြိမ်မြောက် မြို့နယ်လုံးဆိုင်ရာ စာရေးတံမဲအလှူပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၃)ရပ်ကွက်ရှိ မြို့မဝိသုဒ္ဓိကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သံတောင်ကြီးဒေသထွက် ငှက်ပျောသီးများ ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်း
Sep 11,2023
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများသည် ဥယျာဉ်ခြံလုပ်ငန်းဖြစ်သော နှစ်ရှည်ပင်များကို အဓိက စိုက်ပျိုးလျက်ရှိရာ နှစ်တိုပင် ဖြစ်သော ငှက်ပျောပင်များကိုလည်း စိုက်ပျိုးလုပ်ကိုင်ကြသည်။ ငှက်ပျောပင်များသည် ရာသီမရွေး အသီးသီးသော သီးနှံဖြစ်ပြီး ယခုအချိန်တွင် သံတောင်ကြီး ဒေသထွက် ငှက်ပျောသီးများ ဝယ်လိုအားနည်းပြီး ဈေးနှုန်းကျဆင်းလျက်ရှိကြောင်း သိရသည်။
MSME လုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများ၏ ဒီဂျစ်တယ်စီးပွားရေး အထောက်အကူပြု E Market Platform နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေး
Sep 11,2023
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင် MSME လုပ်ငန်းများနှင့် အခြားဦးစားပေးကဏ္ဍများ၏ ဒီဂျစ်တယ်စီးပွားရေးအထောက်အကူပြု E Market Platform နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ဘုတ်ပြင်းမြို့၌ စာဖတ်ဝိုင်း ပြုလုပ်
Sep 11,2023
တနင်္သာရီတိုင်းဒေသကြီး ၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများအသင်း (Book Club)တို့ ပူးပေါင်း၍ ယနေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ စာအုပ်ဖြင့် စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့သည်။
မင်းလှမြို့တွင် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (မြို့နယ်အဆင့်) ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Sep 11,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့၌ (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာလ (၉) ရက်နေ့ နံနက် (၉) နာရီခွဲက မြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် ချည်မျှင်ရှည်ဝါ B31 စိုက်ဧက ၅၀ စံပြကွက်နှင့် မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ဧက ၁၀ ဧကတို့ စိုက်ပျိုးဖြစ်ထွန်းနေမှုအား တာဝန်ရှိသူ များ ကွင်းဆင်းစစ်ဆေး
Sep 11,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရေချိူကျေးရွာတွင် ချည်မျှင်ရှည်ဝါ B31 စိုက်ဧက ၅၀ စံပြကွက်နှင့် မျိုး(၄)မျိုး ယှဉ်ပြိုင်စမ်းသပ် စိုက်ဧက ၁၀ ဧက တို့ စိုက်ပျိုးဖြစ်ထွန်းနေမှုအား ယမန်နေ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
Bagan Heritage Trust (BHT) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေး (၂/၂၀၂၃) ကျင်းပ ပြုလုပ်
Sep 11,2023
ပုဂံအမွေအနှစ်စောင့်ရှောက်ရေးအသင်း (Bagan Heritage Trust) နှင့် ဒုတိယအကြိမ် တွေ့ဆုံဆွေးနွေးသည့် အစည်းအဝေးကို ယမနေနေ့ နံနက် ၁၀ နာရီအချိန်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ပါသည်။ ပုဂံကမ္ဘာ့အမွေအနှစ်ဒေသရှိ ယဉ်ကျေးမှု အမွေအနှစ်များ ရေရှည်တည်တံ့စေရန်အတွက် ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများတွင် ဌာနနှင့် စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်ရန်၊ BHT ၏ ဆက်လက်ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များအား ဆွေးနွေးရန် ရည်ရွယ်ချက်များဖြင့် အစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ် မောင်တောမြို့၌ (၅၉) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Sep 11,2023
ရခိုင်ပြည်နယ်၊မောင်တောခရိုင်၊ မောင်တောမြို့၌ အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲ တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြု သောအားဖြင့် ယနေ့ နံနက် ၇ နာရီအချိန် မြို့ဦး ရွှေစည်းခုံ ဆံတော်မြတ်စေတီတော်ကြီးတွင် စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။