မက်မန်းမြို့နယ်တွင် “လူငယ်နှင့်ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်း ဆောင်ရွက်
Sep 11,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများဖြစ်သည့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် လူငယ်များ ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက် မြတ်စေရန် ရည်ရွယ်၍ “လူငယ်နှင့် ပြည်ထောင်စုစိတ်ဓာတ်”နံရံကပ်စာစောင်ပြသခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်က မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။