ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက်‌ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး

ပိုင်ကျုံ စက်တင်ဘာ  ၁၁

ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်‌စေရေးနှင့်မြို့သာယာလှပ‌ရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ‌ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂ ရက်တွင် ပိုင်ကျုံမြို့ အမှတ်(၂)ရပ် ကွက်ရှိ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၁ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်

အဆိုပါလမ်းသည် အရှည် (၅၁၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ကရင် ပြည်နယ်၊အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း အသုံးစရိတ် ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၈၃၀)သန်းဖြင့် လုပ်ငန်းများ သတ်မှတ်အချိန်ကာလအတွင် အချိန်မီပြီးစီးရေးအတွက် ပိုင်ကျုံမြို့၊ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပြီးဖြစ်၍ အများပြည်သူများ၏ လူနေမှုဘဝနှင့်သွား‌လာ‌ရေးအတွက် အဆင်‌ ပြေလွယ်ကူ‌‌ပြီး ကျန်းမာ‌ရေး၊ ပညာရေး၊ စီးပွားရေး၊ လူမှုရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေလာပြီး ဖြစ်ကြောင်း သိရသည်။

နော်ခူး (ပြန်/ဆက်)