ဒဂုံအရှေ့ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်း (၂) စီမံချက်ဖြင့် ဝန်ထမ်းများသည် အဖွဲ့များခွဲကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း )မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများဖြစ်သော၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၂ရပ်ကွက်၊ မလစ်အရှေ့ကျေးရွာ၊ အဝိုင်းကျေးရွာ၊ အမှတ် (၁၂၃) ရပ်ကွက်နေပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း (၉) နာရီမှ စတင်ကာ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါပန်းခင်း (၂) စီမံချက်ဖြင့် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို စဥ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ဝင်းထွန်း၏ ကြီးကြပ်မှုဖြင့် အဖွဲ့ (၁) မှ လဝကမှူး ဒေါ်စိုးစိုးအေးဦးဆောင်သော ဝန်ထမ်းများအဖွဲ့ အမှတ် (၈) ရပ်ကွက်၊ အဖွဲ့ (၂) လဝကမှူး ဦးယဥ်မြင့်ဦးဆောင်သော ဝန်ထမ်းများမှ အမှတ် ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၂ ရပ်ကွက်များ၊ အဖွဲ့ (၃) မှ လဝကမှူး ဒေါ်ဆန်းနုဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် မလစ်အရှေ့ကျေးရွာ၊ အဝိုင်းကျေးရွာနှင့်အဖွဲ့ (၄) ဒုလဝကမှူး ဒေါ်သဇင်ဦးဆောင်သော ဝန်ထမ်းအဖွဲ့မှ အမှတ် (၁၂၃) ရပ်ကွက်နေပြည်သူများထံသို့လည်းကောင်း အသီးသီးအဖွဲ့ (၄) ဖွဲ့ခွဲ၍ သွားရောက်ကာ အသက် (၁၂၂၀၂၄) တွင် အသက်၁၈နှစ်ပြည့်လာမည်သူများ၊ အသက် (၁၆) နှစ် (၁၈) နှစ်ကြား၊ အသက် (၁၈) နှစ်အထက်ရှိ နိုင်ငံသားစီစစ်ရေးကတ်ပြားများ မရှိသူပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြစ်ရာ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးနှင့် ရပ်မိ၊ ရပ်ဖများကလည်း လိုအပ်သည်များ ပူးပေါင်းကာ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
ဝင်းအိမွန် (ပြန်/ဆက်)