ဘုတ်ပြင်း စက်တင်ဘာ ၁၁
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့က အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်းတွင်း ပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် မူလွန်-အုန်းတောကမ်းကျောင်းအုပ်ဆရာကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ဖြူဖြူသိန်းက လူကုန်းကူးမှုအဓိပ္ပါယ်၊ လူကုန်ကူးမှုဖြစ်စဉ်အကြောင်းအရာများ၊ လူကုန်ကူးခံရနိုင်သည့် အသက်အရွယ် အမျိုးအစားများနှင့် လူကုန်ကူးခံရပါက ဖြစ်ပေါ်လာနိုင်သည့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများနှင့်ကျောင်းသားကျောင်းသူများ သိသင့်သိထိုက်သည့် အသိပညာဗဟုသုတရရှိစေမည့် အကြောင်းအရာများနှင့် စာဖတ်ခြင်းကြောင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများစသည့်တို့ကို ရှင်းလင်း ပြောကြားခဲ့သည်
ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူကုန်ကူးမှုအန္တရာယ်နှင့် ပတ်သက်သည့် အသိ ပညာဗဟုသုတရရှိစေရန် နံရံကပ်စာစောင်များ ပြသထားရာ ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်းသိရသည်။
မြို့နယ်( ပြန်/ဆက်)