ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင် လူတန်းစား(၅) မျိုးအား အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်

ချောက် စက်တင်ဘာ ၁၁

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများဖြစ်သော ချောက်မြို့နယ်ဆေးရုံ၊ စလေတိုက်နယ်ဆေးရုံတို့တွင် မ​ကွေးတိုင်းဒေသကြီး​ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့်အညီ အောက်ပါလူတန်းစား (၅)ရပ်အား အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ချောက်​ခရိုင်ကျန်းမာ​​ရေးဦးစီးမှူး​ ဒေါက်တာမျိုးသက်ဦးက အားလုံးသိရှိနိုင်​ရေး ခရိုင်အဆင့်အစည်းအ​ဝေးတွင် ချပြဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

(၁)နိုင်ငံ့ဝန်ထမ်းများ(နေ့စားဝန်ထမ်းများမပါ)၊ (၂) သက်ပြည့်အငြိမ်းစားဝန်ထမ်းများ၊ (၃) အသက်(၈၀)နှစ်အထက် သက်ကြီးရွယ်အိုများ၊ (၄) ဆင်းရဲနွမ်းပါးသောသူ(သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ သက်ဆိုင်ရာအခြေခံကျန်းမာရေးဝန်ထမ်းများမှ အမှန်တကယ်ဆင်းရဲနွမ်းပါးသူ​ဖြစ်ကြောင်း ထောက်ခံချက်ပါရှိသူ)၊ (၅)အရေးပေါ်ဆေးရုံတက်ရောက်ရသော လူနာ အဆိုပါလူတန်းစား (၅)ရပ်အား အခမဲ့ ဆေးကုသပေးမည့်အစီအစဥ်အား မကွေးတိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့ဆေးရုံများအားလုံးတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)