မြောင်းမြခရိုင်  Community Centre တွင်  ကွန်ပျူတာ အခြေခံသင်တန်းဆင်းပွဲကျင်းပ

မြောင်းမြ စက်တင်ဘာ ၁၁

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် မြောင်းမြမြို့နယ်ရှိ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre တွင် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံထူးချွန်ထက်မြက်သော လူငယ်လူရွယ်ကျောင်းသားကျောင်းသူများ ပေါ်ထွန်းလာစေရေးအတွက် ကွန်ပျုတာအခြေခံသင်တန်း( အခမဲ့)ကို ဖွင့်လှစ်ခဲ့ရာ  ယမန်နေ့က သင်တန်းဆင်းပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ သင်တန်းဆင်းပွဲတွင် မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာထွန်းနှင့် အမှတ် ၃ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာ ဦးနန္ဒရဲလွင်တို့က သင်တန်းဆင်းအမှာစကား ပြောကြားပြီး သင်တန်းသား/သူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်သည်။  

အဆိုပါ  ကွန်ပျူတာသင်တန်းတွင် အခြေခံစာစီစာရိုက် (Microsoft Word Document ) ကို ခရိုင်လက်ထောက်ညွှန်ကြားရေးမှူးက  သင်ကြားပေးပြီး သင်တန်းကာလမှာ ၁၄.၈.၂၀၂၃ မှ ၈.၉.၂၀၂၃ အထိ ရက်သတ္တပါတ်(၄)ပတ် ဖြစ်ကြောင်း သိရသည်။ အဆိုပါသင်တန်းကို အခြေခံပညာ အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ စုစုပေါင်း(၂၀)ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်ကြကြောင်း သိရသည်။

ခရိုင်ပြန်ဆက် (မြောင်းမြ)