လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ(အရှေ့ပိုင်း) စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် ရွှေလင်ပန်းပြည်သူ့ဆေးရုံတွင်  ယမန်နေ့နံနက်(၇)နာရီ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များက ကျန်းမာရေးအသိပညာပေးခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍  ပြည်သူများသက်ရှည်ကျန်းမာကြံ့ခိုင်ရေးတို့အတွက်ဆောင်ရွက်လျက်ရှိပြီး  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဆရာ၊ ဆရာမများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များနှင့်  ကြက်ခြေနီတပ်ဖွဲ့ဝင်တို့က  ရွှေလင်ပန်းပြည်သူ့ဆေးရုံအတွင်းအပြင်တို့တွင် ခြင်ဆေးမှုတ်ခြင်း၊ ရေတွင်းရေကန်များအတွင်း အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လန်းပေါက်ပွားနိုင်သည့် ရေအိုင်များ၊ မြောင်းများ၊ ခြင်ခိုအောင်းနိုင်သည့် နေရာများအား ပိုးသတ်ဆေးဖြန်းခြင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံခြင်း၊  သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ် ဆောင်ရွက်ခြင်း ဆေးရုံပတ်ဝန်းကျင် သစ်ပင်၊ သစ်ကိုင်းများနှင့်ရေမြောင်းများရှင်းလင်းခြင်း၊ လူနာများထောက်ပံ့ခြင်း၊  mask များဖြန့်ဝေခြင်းနှင့် ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးခိုင်မင်းကိုနှင့်အဖွဲ့၀င်တို့က ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ(ပြန်/ဆက်)