မင်းလှ စက်တင်ဘာ ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်မှ လူငယ်ရေးရာကဏ္ဍအကြောင်း စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၁ နာရီချိန်ကပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်စန္ဒာအောင်က အမှာစကားပြောကြားပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ သမုတိမျိုးမြင့်က သုတပဒေသာနှင့် လူငယ်ရေးရာစာအုပ်မှ ဆောင်းပါးရှင်စံမြတ်ဘုန်း(စစ်ကိုင်း)ရေးသားသည့် လူငယ်နှင့်စာနာမှုအကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ရာ မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင်များနှင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကအပြန်အလှန်ဆွေးနွေးမှုများပြုလုပ်ကာ ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။
ပေါက်စ(မင်းလှ)