မော်လမြိုင်ကျွန်းမြို့နယ် ကြောင်ဒေါင့် ကျးရွာ(အ.လ.က) ကျောင်းတွင် အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

မော်လမြိုင်ကျွန်း စက်တင်ဘာ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန်၊ စာပေဗဟုသုတများတိုးပွားပြီး၊ ပြင်ပဗဟုသုတများ စုံလင်စွာရရှိစေရန်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ နယ်လှည့်စာကြည့်တိုက်နှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် (၂) နာရီအချိန်က ကြောင်ဒေါင့်‌ကျေးရွာ (အ.လ.က)ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

ပထမဦးစွာ ကြောင်ဒေါင့်ကျေးရွာ (အ.လ.က) ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မြင့်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် ဟောပြောပွဲတွင် ကျောင်းသား/ကျောင်းသူများအနေဖြင့် ပြင်ပဗဟုသုတများတိုးပွားစေရေး အသိပညာပေးခြင်းကို အလေးထားနားထောင်မှတ်သားကြဖို့ ပြောကြားပြီးနောက်၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှုး ဦးတင်ဝင်းက စာဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုးကျေးဇူးများအား အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှုးက ကျောင်းစာကြည့်တိုက်အတွက် ရသစာအုပ် (၁၂၀) အုပ် လှူဒါန်းပေးခဲရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် ကျောင်းသား‌/ကျောင်းသူများအား ဗဟုသုတတိုးပွားစေရန် နယ်လှည့်စာကြည့်တိုက်နှင့် ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ ပြသပေးရာ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်းနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား/သူများနှင့် မိဘဆရာအသင်းကျောင်းကော်မတီအဖွဲ့များ( ၂၇၅)ဦး တက်ရောက်ကြကြောင်း သိရသည်။

ရဲကိုမောင် (ပြန်/ဆက်)