ငွေဆောင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း​၊ အ.ထ.က(ငွေဆောင်)၌ လူငယ်စကားဝိုင်း ကျင်းပ

ငွေဆောင် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအား စက်တင်ဘာ ၁၆ ရက်နေ့နံနက် (၉း၀၀)နာရီက အခြေခံပညာအထက်တန်းကျောင်း၊ အ..က(ငွေဆောင်)၊ မြသီတာဆောင်ခန်းမ၌ ကျင်းပခဲ့ပြီး ဆရာ၊ ဆရာမနှင့် ကျောင်းသား/သူ (၁၇၅) ဦး တက်ရောက်ခဲ့သည်။

အဆိုပါ လူငယ်စကားဝိုင်းအား အခမ်းအနားအစီအစဥ်()ရပ်ဖြင့် ကျင်းပခဲ့ပြီး ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေမီသိန်းမှ အဖွင့်အမှာစကားပြောကြားပြီး ငွေဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းမှ လူငယ်စကားဝိုင်း ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ပြောကြားရာတွင် လူငယ်များ၏ကဏ္ဍကို မြှင့်တင်ပေးရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးပြီး ထူးချွန်ထက်မြက်သော အသိပညာတိုးပွားသော လူငယ်များဖြစ်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည် မြင့်မားလာစေရန်၊ လူအများရှေ့တွင် ရဲဝံ့စွာ ပြောဆိုဆွေးနွေးတတ်စေရန်နှင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပြောဆိုဆွေးနွေးတတ်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ လူငယ်စကားဝိုင်းကို စတင်ကျင်းပရာ ငွေဆောင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်နွယ်နွယ်ထွန်းမှ ဦးဆောင်ဆွေးနွေးသူ (Moderator)အဖြစ် ဆောင်ရွက်ပြီး Grade-10 ကျောင်းသူ မဆုဝေလင်းထက်မှ လူငယ်နှင့်ပညာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-10 ကျောင်းသူ မငွေစင်ကြယ်မှ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-12 ကျောင်းသား မောင်သူရအောင်မှ လူငယ်နှင့်စာရိတ္တ ခေါင်းစဥ်ဖြင့်လည်းကောင်း၊ Grade-11 ကျောင်းသား မောင်နေဇော်မှ လူငယ်နှင့်အားကစား ခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျောင်းသား/သူများမှ လူငယ်စကားဝိုင်းတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများအပေါ် အခြေခံကာ မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ပြီး ၎င်းတို့၏မေးမြန်းချက်များကို ဆွေးနွေးသူ ကျောင်းသား/သူများမှ ပြန်လည်ဖြေကြားပေးခဲ့သည်။ ငွေဆောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းအခမ်းအနားသည် နံနက်(၁၁း၃၀)အချိန်တွင် အောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)