ငပုတော စက်တင်ဘာ ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ (၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲတွင် ဆုရရှိသူများအား ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၆)ရက်နေ့ ညနေပိုင်းက ကျင်းပပြုလုပ်သည်။
(၂၄)ကြိမ်မြောက် တိုင်းဒေသကြီးအဆင့် ဆိုကရေးတီး ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေကျွန်းမောင်အိုးစည်အဖွဲ့၊ (ပလွေ) ပထမဆုရရှိသော မောင်ရှိုင်းထက်ကို၊ (တယော) ဒုတိယဆုနှင့် တတိယဆုရသူများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူ၊ အဖွဲ့ဝင် (၂)ဦးသန်းဦးနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုပန်းစည်းနှင့်တကွ ကြိုဆိုခဲ့ကြကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)