ကျောက်တံတား စက်တင်ဘာ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်ပိုင်းက အသုံးချနက္ခတ္တဗေဒ (ဗေဒင်) ပညာ အခမဲ့မွမ်းမံသင်တန်း အမှတ်စဉ် (၁၂) ဆင်းပွဲကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် အသုံးချနက္ခတ္တဗေဒပညာရှင် တြိ-ပဉ္စ ဒဿမ ဆရာရန်နိုင်ကျော်က နက္ခတ္တဗေဒ(ဗေဒင်)ပညာအား အခမဲ့သင်တန်းဖွင့်လှစ်ခဲ့မှု အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များပေးအပ်ရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ အသုံးချနက္ခတ္တဗေဒ(ဗေဒင်)ပညာ အခမဲ့သင်တန်းကို (၃) ရက်တာ ဖွင့်လှစ်သင်ကြား ပို့ချခဲ့ပြီး နက္ခတ္တဗေဒဝါသနာရှင် သင်တန်းသား၊ သင်တန်းသူ (၁၀) ဦး တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)