ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ပုသိမ် စက်တင်ဘာ ၁၈

ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ (၁၆) ရက်နေ့ မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲအကဲဖြတ်ပညာရှင်များနှင့် ခရိုင်(၈)ခရိုင်မှ ပြိုင်ပွဲဝင်များ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကျင်းပရေးနာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က “၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် အဆင့်ရှိရှိဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းအဆင့်ဖြင့် ပြိုင်ပွဲများအချိန်ယူ ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲဝင်များ၏ ရလာဒ်များသည်လည်း ထွက်ပေါ်ခဲ့ပြီဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသည့် ပြိုင်ပွဲဝင်များရွေးချယ်ပြီး မကြာမီအချိန်တွင် စခန်းသွင့်လေ့ကျင့်၍ ဗဟိုအဆင့်တွင် အောင်မြင်မှုရရှိစေရေး စနစ်တကျပြင်ဆင်လေ့ကျင့်သွားမှာ ဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲတွင် ယခင်နှစ်ထက် ပိုမိုကြိုးစားယှဉ်ပြိုင်ကြသည်ကိုလည်း တွေ့ရှိရပါကြောင်းနှင့် တိုင်းဒေသကြီးအဆင့် အဆို၊ အက၊ အရေး၊ အတီးပညာရှင်များအား အကောင်းဆုံး အကဲဖြတ်ရွေးချယ်ပေးပါသော ဒိုင်အဖွဲ့များအားလည်း ကျေးဇူးတင်ရှိပါကြောင်း၊ တိုင်းဒေသကြီး၏ ရွက်ပုန်းသီးအနုပညာရှင်များ ပေါ်ထွက်လာစေရန်အတွက် ယခင်နှစ်အတွေ့အကြုံများကို အခြေခံ၍ အားသားချက်၊ အားနည်းချက်များကိုလည်း ပြန်လည်သုံးသပ်စေခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် လူဦးရေများပြားပြီး ကျေးလက်ဒေသကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်သောကြောင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများနှင့် ပတ်သက်၍ ဖွံ့ဖြိုးသည်ဟု ပြောရမှာဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့်လည်း တက်ညီလက်ညီကြိုးစားယှဉ်ပြိုင်ခဲ့သည့် အတွက်လည်း အသိအမှတ်ပြုပါကြောင်း၊ တိုင်းဒေသကြီးကိုယ်စားပြု အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲဝင်များအနေဖြင့် ယခင်နှစ်ဗဟိုအဆင့်ပြိုင်ပွဲတွင် ရရှိခဲ့သည့် တတိယနေရာထက်ကျော်လွန်၍ ရွှေ၊ ‌‌ငွေ၊ ကြေး၊ တံဆိပ်များ ပိုမိုရရှိအောင် စည်းစည်းလုံးလုံး ဆောင်ရွက်နိုက်ပါစေကြောင်း အမှာစကားများပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဆိုပြိုင်ပွဲတွင် ဝါသနာရှင် (ပ) (အမျိုးသား)၊ ဝါသနာရှင် (ဒု) (အမျိုးသား)၊ အဆင့်မြင့်ပညာ (အမျိုးသား)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား)၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသား) မဟာဂီတ ပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင် (ဒု) (အမျိုးသား) ရုပ်သေးကြိုးဆွဲ၊ ဝါသနာရှင် (ပ) (အမျိုးသား) ကွက်စိပ်၊ ဝါသနာရှင် (ဒု) (အမျိုးသား) ကွက်စိပ်ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ အရေးပြိုင်ပွဲတွင် ဝါသနာရှင် (ပ) အရေး၊ ဝါသနာရှင် (ဒု) အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် အခြေခံပညာ(၁၅-၂၀) (အမျိုးသား)စန္ဒယား၊ ဝါသနာရှင် (ဒု)အမျိုးသား၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ ဝါသနာရှင် (ဒု)အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက်၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား) အိုးစည်အဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ ကျေးလက်ရိုးရာ အကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာ အကအဖွဲ့၊ ရုပ်စုံသဘင် အဖွဲ့တို့အား ပြိုင်ပွဲဝင်ဂုဏ်ပြုဆုများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင် (ပ) (အမျိုးသမီး)၊ ဝါသနာရှင် (ဒု) (အမျိုးသမီး)၊ အဆင့်မြင့်ပညာ (အမျိုးသမီး)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး)၊ အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) မဟာဂီတ၊ ဝါသနာရှင် (ပ) (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ဝါသနာရှင် (ဒု) (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ်ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ (၁၀-၁၅) (အမျိုးသမီး) ကဗျာလွတ်အက(အဖွဲ့လိုက်)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသမီး) (တစ်ဦးချင်းအက) ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ အရေးပြိုင်ပွဲတွင်အဆင်မြင့်ပညာ၊ အခြေခံပညာ (၁၅-၂၀) အရေးပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အတီးပြိုင်ပွဲတွင် ဝါသနာရှင် (ဒု) (အမျိုးသမီး) တယော၊ ဝါသနာရှင် (ပ) အမျိုးသမီး၊ ဆိုင်းဝိုင်းကြီးအဖွဲ့လိုက် ပြိုင်ပွဲများတွင် ပထမဆုရရှိခဲ့သည့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ (၁၅-၂၀) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ်၊ ဝါသနာရှင် (ဒု) အမျိုးသမီး၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ ဝါသနာရှင် (ပ) အမျိုးသား၊ မဟာဂီတ၊ ဝါသနာရှင် (ဒု) (အမျိုးသား)၊ (အမျိုးသမီး) မဟာဂီတ၊ အဆင့်မြင့်ပညာ၊ အမျိုးသား/ အမျိုးသမီး (မဟာဂီတ)၊ အခြေခံပညာ (၁၅-၂၀) (အမျိုးသား/ အမျိုးသမီး) မဟာဂီတပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု)၊ (အမျိုးသား) (တစ်ဦးချင်း)၊ အဆင်မြင့်ပညာ၊ (အမျိုးသား) (တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၅ -၂၀)၊ (၁၀-၁၅)တစ်ဦးချင်း ပြိုင်ပွဲများတွင် ပထမဆုရရှိသည့် ပြိုင်ပွဲဝင်များအား လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် အဆင့်မြင်ပညာ၊ (အမျိုးသမီး)၊ ဝါသနာရှင် (ပ) အမျိုးသား၊ ဝါသနာရှင် (ပ) အမျိုးသမီး၊ ဝါသနာရှင် (ဒု) အမျိုးသား၊ ဝါသနာရှင် (ဒု) အမျိုးသမီး၊ ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) အမျိုးသမီး၊ အဆင့်မြင်ပညာ (အမျိုးသမီး)၊ အခြေခံပညာ၊ (၁၀-၁၅) အမျိုးသမီး (တစ်ဦးချင်း)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက အဆိုပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၀-၁၅) အမျိုးသား၊ (ခေတ်ဟောင်းကာလပေါ်)၊ ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ (အမျိုးသမီး)၊ အမျိုးဂုဏ်ဇာတိဂုဏ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ (အမျိုးသမီး) ရုပ်သေးကြိုးဆွဲ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူး၏ဇနီးက အဆိုပြိုင်ပွဲတွင် ဝါသနာရှင်(ဒု) (အမျိုးသား)၊ အဆင့်မြင်ပညာ၊ (အမျိုးသား)၊ အမျိုးဂုဏ်ဇာတိဂုဏ်၊ အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး) ခေတ်ဟောင်းကာလပေါ် ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ အကပြိုင်ပွဲတွင် အခြေခံပညာ၊ (၁၅-၂၀) (အမျိုးသား)၊ (အမျိုးသမီး) (တစ်ဦးချင်းအက)၊ အခြေခံပညာ၊ (၁၀-၁၅) ကဗျာလွတ်အက၊ (အဖွဲ့လိုက်) ပြိုင်ပွဲများတွင် ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသည့် ပြိုင်ပွဲဝင်များအားလည်းကောင်း၊ တရားလွှတ်တော်တရားသူကြီးချုပ်၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဥပဒေချုပ်၊ အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီးတို့က အဆို၊ အက၊ အရေး၊ အတီး၊ ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဒိုင်ချုပ်များနှင့် ခရိုင်အလိုက် အကဲဖြတ်ဒိုင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများကိုချီးမြှင့်ခဲ့ပြီး တံခွန်စိုက် တတိယဆုရရှိသည့် မအူပင်ခရိုင်၊ ဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်နှင့် ပထမဆုရရှိသည့် မြောင်းမြခရိုင်တို့အား ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်က တံခွန်စိုက်ဆုဖလားနှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ခဲ့ကာ ပြိုင်ပွဲတွင်ဆုရရှိသူများ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီး၏ (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲအား ပြိုင်ပွဲတွင် ခရိုင်အသီးသီးမှ အဆိုပြိုင်ပွဲဝင် ၁၁၂ဦး၊ အကပြိုင်ပွဲဝင် ၂၂၆ဦး၊ အရေးပြိုင်ပွဲဝင် ၁၂ဦး၊ အတီးပြိုင်ပွဲဝင် ၂၆၇ဦး၊ စုစုပေါင်း ၆၁၇ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေတံဆိပ် ၉၄ခု၊ ငွေတံဆိပ် ၆၅ခု၊ ကြေးတံဆိပ် ၅၀ခု၊ နှစ်သိမ့်ဆု ၄၉ခု၊ ဂုဏ်ပြုဆု ၃ခုဖြင့် စုစုပေါင်း ၂၆၁ခု ချီးမြှင့်ပေးခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)